လှိုင်သာယာ Clean Yangon Donation
Oct 28, 2020 Admin
ကျွန်တော်တို့ မမောသေးတာမဟုတ်ပါဘူး၊ မနားနိုင်ကြသေးတာပါ။
Oct 28, 2020 Admin
ကျွန်တော်တို့ မမောသေးတာမဟုတ်ပါဘူး၊ မနားနိုင်ကြသေးတာပါ။
Oct 28, 2020 Admin
အလှူခံခြင်းဖြစ်ပါတယ်။ (ကျေးဇူးပြု၍ Share ပေးပါ) လတ်တလောဖြစ်ပေါ်နေသော COVID-19 ဗိုင်းရပ်စ်အား ခုခံကာကွယ်ပေးနေသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် COVID-19 ကြောင့် ထိခိုက်ခဲ့ရသော အများပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပစ္စည်းများ၊ ဆေးဝါးများ၊ စားနပ်ရိက္ခာများအား စေတနာရှင်များနှင့်ပူးပေါင်း၍ ထောက်ပံ့ကူညီသွားမည်ဖြစ်ပါတယ်။
Oct 27, 2020 Admin
တစ်ချို့တွေက အိပ်ရာထဲမှာ နှစ်ရှည်လများနေနေရတဲ့ နာမကျန်းသူတွေ တစ်ချိို့တွေက အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်နေကြသူတွေ တစ်ချို့တွေက ဆည်းဆာချိန်ကိုဖြတ်ကျော်နေကြရတဲ့ သက်ကြီးဘိုးဘွားတွေ လိုရင်ခေါ်ပါ အစီအစဉ်သို့ ဆက်သွယ်အကူအညီတောင်းသမျှကို ကျွန်တော်တို့ အလျှင်မြန်ဆုံးနဲ့ အထိရောက်ဆုံး ပို့ဆောင်ကာ ဖေးကူလျှက်ရှိပါတယ်။
Nov 02, 2020 Admin
ကနဦးကနေ အခုထိ၊ တက်ကြွဆဲ၊ ပေးဝေမြဲ၊ သွားလာဆဲ Clean Yangon မှ စေတနာ့ဝန်ထမ်းများ🥰🥰🥰🥰
Oct 31, 2020 Admin
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် ကလေးငယ်များအတွက် ပျော်ရွှင်ဖွယ်လက်ဆောင်များပေးအပ်သွားပါဦးမည်။
Nov 02, 2020 Admin
ကာလဆိုးကြီးကို ကျွန်တော်တို့ အတူတူ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ကြတယ်ဆိုပြီး နောင်တစ်ချိန်မှာအမှတ်တရ ပြန်ပြောကြတာပေါ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈)ရပ်ကွက်ရှိ ကိုဗစ်ကာလ ခက်ခဲမိသားစုများအား ဆန် (၆) ပြည်အပါအဝင် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို အိမ်ထောင်စု (၂၅၀) စာအား Clean Yangon မှ စေတနာရှင်များကိုယ်စား ယနေ့တွင် သွားရောက်မျှဝေခဲ့ကြပါတယ်။
Nov 02, 2020 Admin
စေတနာရှင်တွေရဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်နေသူများထံသို့မျှဝေခြင်းနဲ့ အကောင်းဆုံးဖော်ပြပေးလျှက်ရှိပါတယ်။ စေတနာရှင်တွေကိုယ်စား လိုအပ်နေတဲ့သူတွေကို လိုအပ်နေသည့်အရာများ အရောက်ပို့ဆောင်ပေးဖို့ Clean Yangon က တာဝန်ယူပါရစေ။ ယုံကြည်စွာနဲ့ ဝိုင်းဝန်းလှူဒါန်းပေးကြသော ပြည်တွင်း/ပြည်ပမှ စေတနာရှင်များအား သန့်ရှင်းသောရန်ကုန်မှ ကျေးဇူးအထူးတင်ရှိပါတယ်။
Oct 30, 2020 Admin
လိုရင်ခေါ်ပါ အစီအစဉ်သို့ အကူအညီတောင်းထားသည့် အမှန်တစ်ကယ်လိုအပ်နေသည့် သက်ကြီးဘိုးဘွားများအား သွားရောက် ဂါရဝပြု မေတ္တာမျှဝေသွားမှာပဲဖြစ်ပါတယ်။
Oct 30, 2020 Admin
Clean Yangon သည် အခြေခံလူတန်းစားများ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုးဘွားများအတွက် စားနပ်ရိက္ခာများမျှဝေပေးနေသလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများ နှင့် မိဘမဲ့ဂေဟာများသို့လည်း လှူဒါန်းကူညီလျက်ရှိသလို ဆေးရုံဆေးခန်းများအတွက်လည်း ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပစ္စည်းများအား လှူဒါန်ပေးလျှက်ရှိပါတယ်။
Oct 28, 2020 Admin
Clean Yangon သည် ကိုဗစ်ကာလအတွင်းတွင် အခြေခံလူတန်းစားများ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုးဘွားများအတွက် စားနပ်ရိက္ခာများမျှဝေပေးနေသလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများ နှင့် မိဘမဲ့ဂေဟာများသို့လည်း လှူဒါန်းကူညီလျက်ရှိပါတယ်။