အကောင်းဆုံးကြိုးစားနေမယ့် သန့်ရှင်းသောရန်ကုန်
နိုင်ငံတဝှမ်း သန့်ရှင်းသာယာစေလိုသော ရည်ရွယ်ချက်ဖြင့် စေတနာ့ဝန်ထမ်းလူငယ်များမှ ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သော Clean Yangon သည် ယခုအခါတွင် စစ်ဘေးရှောင်ဒေသများ၌ လူသားချင်းစာနာမှုဖြင့် လူမှုကူညီရေးလုပ်ငန်းများအား အောက်ပါကဏ္ဍ (၅) ခုဖြင့် ထိရောက်စွာ ဆောင်ရွက်လျှက်ရှိသည်။
- အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
- စားနပ်ရိက္ခာမျှဝေခြင်း
- ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးခြင်း
- သင်တန်းများပြန်လည်ပို့ချပေးခြင်း
- ကလေးငယ်များအား စိတ်ဓါတ်ခွန်အားများ မျှဝေပေးခြင်း နှင့် အဟာရဒါနကျွေးမွေးခြင်း တို့ဆောင်ရွက်လျှက်ရှိပါတယ်။
ခေတ်ကာလအခြေအနေအရ ကျနော်တို့ရဲ့ ကူညီမှုတိုင်းမှာ ခက်ခဲမှုပေါင်းစုံ၊ စိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဘယ်လိုအခက်အခဲရှိနေပါစေ ကူညီမှုတွေ စဉ်ဆက်မပြတ်စေဖို့ ကျနော်တို့တွေ အကောင်းဆုံးကြိုးစားနေပါ့မယ်။
#မျှဝေဖေးကူဒို့အတူ #CleanYangon